မိုင်းတုံမြို့၌‌ ရေကန်တည်‌ဆောက်မှုနှင့်‌ ရေပိုက်သွယ်တန်ခြင်းအား ကွင်းဆင်းစစ်‌‌ဆေး

မိုင်းတုံ ဖေဖော်ဝါရီ  ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၂၀၂၁-၂၀၂၂ ခြောက်လပတ်ပြည်ထောင်စု ခွင့်ပြုရန်ပုံ ငွေဖြင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းဖြစ်သော  ရေကန်တည်‌ဆောက်မှုနှင့်‌ ရေပိုက်သွယ်တန်းခြင်းဆောင်ရွက်‌ပြီးစီးမှုကို မိုင်းဆတ်ခရိုင်‌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင် ဒုတိယ ညွှန်ကြားရေးမှူးဦးခင်မောင်တိုးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ရာ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်း‌အောင်မျိုးထက်နှင့်‌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများ၊ ရပ်မိရပ်ဖများမှ လုပ်ငန်းဆောင်ရွက်‌ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ကြသည်။
အဆိုပါ ရေကန်တည်ဆောက်မှုသည် မိုင်းတုံမြို့နယ်၊ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊‌ ခြောက်လပတ်ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် အလျား(၁၀) ပေ
×အနံ(၈)ပေ×အမြင့်(၆)ပေဆောင်ရွက်ခဲ့ပြီး၊ ရေပိုက်သွယ်တန်းခြင်းကို(၁)မိုင် (၅)ဖာလုံမိုင် ဆောင်ရွက်ခဲ့သည်။ လုပ်ငန်း (၂)ခုကို မြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေ(၁၀)သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် ၃.၈၈သန်းစုစုပေါင်း ကုန်ကျငွေ (၁၃.၈၈) သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ကျေးရွာအိမ်ထောင်စု(၂၀)စုနှင့် ဘုန်း‌တော်ကြီးကျောင်း(၁) ကျောင်း သောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းအောင်မျိုးထက်ထံမှ သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)