မိုးနဲမြို့ အောင်သပြေကျေးရွာတွင် မြေငှားဂရန် ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်
Feb 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာအား စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှတာဝန်ရှိသူများ၊ လမ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲတာဝန်ခံ၊ ရပ်မိရပ်ဖများနှင့် အတူ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။