မဘိမ်း ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦး စီးဌာန အဆောက်အအုံသစ်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးရာတွင် ဦးတည်အုပ်စုများအလိုက် ပြည်သူများအား ပဥ္စမအသုတ် (ဒုတိယအကြိမ်) လာရောက်ထိုးနှံသူ ပြည်သူ ၂၂ဝ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကိုလည်း သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးရာသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)