ကျောက်တံခါး မတ် ၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့ ကျောင်းသား ကျောင်းသူ စုစုပေါင်း(၁၅၆၇) ဦး ဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် တက္ကသိုလ်ဝင်စာစစ်ဌာနများအဖြစ် အခြေခံပညာအထက်တန်းကျောင်း(ကျောက်တံခါး)၊ အခြေခံပညာ အထက်တန်းကျောင်း(ပဲနွယ်ကုန်း)၊ အခြေခံပညာအထက်တန်းကျောင်း(တောကျွဲအင်း)၊ အခြေခံပညာ အထက်တန်း ကျောင်း(ဖဒို)၊အခြေခံပညာအထက်တန်းကျောင်း(မြို့ချောင်း) အပါအဝင် စာစစ်ဌာန (၅)ခု ဖွင့်လှစ်ထားရှိသွားမည်ဖြစ်သည်။
ကျောက်တံခါး မြို့နယ်အနေဖြင့် ကျောင်းတွင်းဖြေဆိုသူ(၁၂၅၇) ဦးတွင် အတွဲ (၁) ဖြေဆိုသူ (၆၉၄) ဦး၊ အတွဲ (၂) ဖြေဆိုသူ (၂၈၆) ဦး၊ အတွဲ (၇) ဖြေဆိုသူ (၂၇၇) ဦး၊ ပြင်ပဖြေဆိုသူ (၃၁၀)ဦးတွင် အတွဲ (၁) ဖြေဆိုသူ (၁၉၂) ဦး၊အတွဲ(၂) ဖြေဆို သူ(၅၇)ဦး ၊ အတွဲ (၇) ဖြေဆိုသူ (၆၁)ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စန်းစန်း(ပြန်/ဆက်)