တာချီလိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ Quarantine Center သို့ အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ် လှူဒါန်း

တာချီလိတ်  မတ်  ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများနှင့် Quarantine ဝင်ရောက် နေသူများအတွက်  အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက စံလင်းဖြိုး Quarantine Center တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းခြင်းကို တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်နေ ဒေါ်နန်းကောင်ကျောက် (မိုးမြတ်ကြယ်ကုမ္ပဏီ) မိသားစုမှ ငွေကျပ် (၂၅) သိန်းခန့် တန်ဖိုးရှိ အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲ၊ ကြက်ဥ၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီး စသည့်တို့ကို ပေးအပ်လှူဒါန်းရာ Quarantine Center တာဝန်ခံ ဦးဘိုစံက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရ သည်။

ယာဆေး(ပြန်/ဆက်)