တံတား မတ် ၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ ဘုရင့်နောင်လမ်းမပေါ်ရှိ လမ်းသွယ်များအား လမ်းဆိုင်းဘုတ်များ စိုက်ထူခြင်းလုပ်ငန်းများကို စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ ယနေ့နံနက် ၁၀ နာရီက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားမြို့တွင် မြို့တွင်းသန့်ရှင်သာယာလှပစေပြီး မြို့အင်္ဂါရပ်နှင့်အညီ လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါလုပ်ငန်းများကို တံတားမြို့့စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးမှူးဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက ဘုရင့်နောင်လမ်းမပေါ်ရှိ လမ်းသွယ်(၂၀)လမ်းကို လမ်းဆိုင်းဘုတ်များ စိုက်ထူဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိနေသည့် လမ်းသွယ်များကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးဖြူလွင်( ပြန်/ဆက်)