ကျောက်ကြီးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူအား ထောက်ပံ့ငွေပေးအပ်

ကျောက်ကြီး  မတ်လ  ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၁၁ နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ကျောက်ကြီးမြို့ သိန်တန်းရပ်ကွက်နေထိုင်သူမောင် စိုးကိုနိုင်နှင့် ပဲခူးရပ်ကွက်နေထိုင်သူ မောင်ဝေဖြိုးဇော် တို့နှစ်ဦးသည် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဆိုင်ကယ်ကိုယ်စီဖြင့် နနွင်းတူးရန် ပြဒါးတောင်သို့ သွားရောက်ခဲ့ရာ ပြဒါးတောင် တက်လမ်းပေါ်တွင် နင်းမိုင်း (၁) လုံးအား နင်းမိပေါက်ကွဲခဲ့ပြီး မောင်ဝေဖြိုးဇော်မှာ ဦးခေါင်း နောက်စေ့နှင့် နဖူးတွင် ဖောက်ဝင်ဒဏ်ရာ၊ ဘယ်ခြေသလုံးကွဲဒဏ်ရာ၊ ဘယ် / ညာ ခြေချောင်းစုတ်ပြဲ ဒဏ်ရာများရရှိပြီး အခင်းဖြစ်ပွါးသည့် နေရာတွင်သေဆုံးခဲ့သည်။၊ မောင်စိုးကိုနိုင်မှာ မျက်နှာပွန်းပဲ့ ဒဏ်ရာ၊ ဦးခေါင်းညာချိုစောင်း ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် အဆိုပါ နှစ်ဦးအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ  မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူအား (၅) သောင်းကျပ်၊ မိုင်းကြောင့် သေဆုံးသူအား (၃) သိန်းကျပ် ကို အတူနေမိသားစုဝင်များ လက်ဝယ်သို့ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်