ကော့မှူးတွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများဆောင်ရွက်

ကော့မှူး မတ် ၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက်၁၀နာရီက မြို့သစ်ရပ်ကွက် မူကြိုကျောင်းဆောင်၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မွေးကင်းစမှ အသက် တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသည်းရောင်အသားဝါ၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင် ဦးနှောက် အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) ပြင်းထန်ဝမ်းပျက် ဝမ်းလျှော (ရိုတာဗိုင်းရပ် ကာကွယ်ဆေး)ပြင်းထန်အဆုတ်ရောင်(ပီဗွီစီ)ဝက်သက်၊ ဂျိုက်သိုး‌ရောဂါစသည့် ကာကွယ်‌ဆေးများကို တိုက်‌ကျွေး ပေးနေကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုး ဆေးတိုက်‌ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ကျော်သူရ