လေးမျက်နှာမြို့နယ်တွင် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်

လေးမျက်နှာ မတ်လ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကြီးပေါက်ကုန်း ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ယနေ့နံနက်ပိုင်းက ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်ထိုက်နှင့် ဝန်ထမ်းများက လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လ ဘတ်ဂျက်တွင် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်ထိုက်နှင့် လေးမျက်နှာမြို့နယ် ဒုတိယမြို့နယ် အုပ်ချူပ်ရေးမှူး ဦးကျော်ဇေဝဏ္ဏသူတို့က ကြီးပေါက်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၈)ရွာ၊ အိမ်ထောင်စု (၆၀)စုအတွက် အိမ်ဆောက်ပစ္စည်းများအား ကျေးရွာအိမ်ထောင်စုများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့သည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများသည် ငဝန်မြစ်ကမ်းဘေးတွင်ရှိသောကြာင့် နှစ်စဉ်သဘာဝ ဘေးအန္တရာယ်များ ကျရောက်လျက်ရှိပြီး ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်အတွင်း ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးများကို ထောက်ပံ့ပေးအပ်လျက်ရှိရာ ကျေးရွာနေပြည်သူများ၏ လူမှုဘဝနေထိုင်ရေးအတွက် များစွာအထောက်ကူပြုလျက်ရှိကြောင်း သိရသည်။

ကျော်ဟိန်း