ကျိုက်လတ်မြို့နယ်တွင် လုံခြုံရေးအတွက် စစ်ဆေးရေးဂိတ်များ၌ စစ်ဆေးဆောင်ရွက်လျက်ရှိ

ကျိုက်လတ် မတ်လ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့ဝင်/ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးအတွက် မြို့နယ်အတွင်း ဝင်ထွက်သွားလာနေသည့် မော်တော်ယာဉ်များ၊ ခရီးသွားပြည်သူများအား ယနေ့နံနက် (၆)နာရီမှစ၍ ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့များက စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်လတ်မြို့နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိသော်လည်း နယ်မြေအတွင်း မလိုလားအပ်သော အဖျက်အမှောင့်လုပ်ငန်းများ မဖြစ်ပေါ်စေရေးအတွက် မြို့ဝင်/ မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ စစ်ဆေးကြပ်မတ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတာဝန်ကျသည့် ဌာနဆိုင်ရာများပါဝင်သော အဖွဲ့များအနေဖြင့် မပျက်မကွက် တာဝန်ထမ်းဆောင်ရန်နှင့် ထူးခြားမှုရှိပါက အချိန်နှင့်တပြေးညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြပေးရန် ညွှန်ကြားထားကြောင်း သိရသည်။

ရီရီမြင့်