နွားထိုးကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်

နွားထိုးကြီး မတ် ၄

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ် (၁) မျိုးမျိုးထုတ် ပေးနိုင်ရေး အတွက် မေလ (၃) ရက်နေ့မှ စတင်၍ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက် ၉ နာရီက နွားထိုးကြီးမြို့ အမှတ် (၄) ရပ်ကွက်၊ ရဲစခန်းနှင့် အမှတ်(၅) ရပ်ကွက်၊ မီးသတ်စခန်း၌ Door To Door စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အသက် (၁၆) နှစ်ပြည့်ပြီးသူတိုင်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင် ကြစို့ ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦး စီးမှူးရုံး မှ ဦးစီးအရာရှိ ဦးလှဝင်းနိုင်နှင့် ဝန်ထမ်းများက အမှတ် (၄) ရပ်ကွက်၊ ရဲစခန်းနှင့် အမှတ်(၅) ရပ်ကွက်၊ မီးသတ်စခန်းအတွင်းရှိ ပြည်သူ များအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက် ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ စိစစ်လဲလှယ်ခြင်းလုပ်ငန်းများကို Door ToDoor စနစ်ဖြင့် နေအိမ်များအရောက် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းနှင့်အတူ ပန်းခင်းစီမံချက်လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပန်းခင်းစီမံချက် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးရာ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဦးစီးမှူး ဦးလှဝင်းနိုင်နှင့်အဖွဲ့က မြို့နယ်ဦးစီးမှူးရုံး၏ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍  စာရင်းဇယား ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများကိုလည်း ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော်