ဖျာပုံ မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် များ ထပ်မံတွေ့ရှိနေခြင်းကြောင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်း မရှိသူ လမ်းသွားလမ်းလာ ပြည်သူများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ က Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်(၈)နာရီ အချိန်က ဖျာပုံမြို့ပေါ် ဆိပ်ကမ်းသာစျေးနှင့် လူစည်ကားရာ နေရာများ၌ ပြုလုပ်ကြသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်လဝကဦးစီးမှူး ဦးဇော်လွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့၊ မြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပညာပေးလှုပ်ရှားမှု အစီအစဉ်များဖြင့် တပ်ဆင်ခြင်း၊ နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းကို မြို့ပေါ်လူစည်ကားရာ နေရာများဖြစ်သော ဆိပ်ကမ်းသာစျေး၊ ဒုတိယ လမ်းမီးပွိုင့်ဒေါင့်တို့တွင် Mask တပ်ဆင်ထားခြင်း မရှိသူများအား နှာခေါင်းစည်း Mask အခုရေ (၁၅၀၀) ကျော်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)