ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အဋ္ဌမအသုတ်(ဒုတိယ)အကြိမ် ထိုးနှံပေးလျက်ရှိ
Mar 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင် စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ပိုင်ကျုံမြို့အတွင်းရှိ ပိုင်ကျုံတိုက်နယ်ဆေး ရုံတွင် ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှ စတင်ခဲ့ရာ ယနေ့တွင် သတ္တမအသုတ်အထိ အကြိမ်ပြည့်ထိုးနှံပြီးစီးခဲ့ပြီး ဖြစ်သည်။