သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွင် မီးဘေးကြိုတင် ကာကွယ်ရေး အသိပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသ
Mar 04,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း သရုပ်ပြသခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမနှင့် ရုံးဝင်းအတွင်း ပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ် နောင်ခွီးကျေးရွာတွင် ကျေးလက်နေပြည်သူများ အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း (၉၀)ရာခိုင်နှုန်းပြီးစီး
Mar 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သောက်တော်ကျေးရွာအုပ်စု၊ နောင်ခွီးကျေးရွာတွင် ကျေးလက်နေပြည်သူများ သွားလာရေးအဆင်ပြေစေရန်နှင့် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ (၉၀)ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
မသန်စွမ်းကလေးငယ်များအား သင်ထောက်ကူပစ္စည်းများ တွံတေး၌ ပေးအပ်
Mar 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် မသန်စွမ်း ကလေးငယ်များအား တွံတေးမြို့နယ် မသန်စွမ်းသူများ ကာယသုခအသင်းမှ ကလေးငယ်များ အတွက် သင်ထောက်ကူပစ္စည်း ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ စာကြည်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခံကြောင်း သိရသည်။
ကျောက်တော်မြို့နယ်တွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်ပြန့်နှံမှုမရှိ စေရေးနှင့် Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်
Mar 04,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီ ခရွန်ရောဂါကူးစက်ပြန့်နှံမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ကမ္ဘာ့ရတနာဘဏ်ရှေ့ လူစည်ကားရာလမ်းဆုံနေရာတွင် ယနေ့ နံနက် ၉ နာရီအချိန်က ပြည်သူများ အနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုက်ဒုံ​မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးစစ်ဆေးမှုများဆောင်ရွက်
Mar 04,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်နေကြသည့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ ်ကြိုတင်ကာကွယ်ရေး အသိပညာပေး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထန်းတက်လုပ်ငန်းလုပ်ကိုင်သော ဒေသခံတောင်သူများ ထန်းလက်များရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Mar 04,2022
မိတ္ထီလာမြို့နယ်ရှိ ကျေးရွာများတွင် မိသားစုဝင်ငွေရလုပ်ငန်းအဖြစ် ထန်းတက်လုပ်ငန်းလုပ်ကိုင်သော ဒေသခံတောင်သူများအနေဖြင့် ထန်းပင်ပြုပြင်ခုတ်ဖြတ် ရာမှရရှိသော ထန်းလက်များရောင်းချ၍ မိသားစုပိုငွေဝင်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကော့မှူးတွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Mar 04,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊‌‌ ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲအိုမီခရွန် ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် ၉နာရီမှ စတင်ကာ‌ တောင်ပိုင်းရပ်ကွက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ အဖွဲစုံ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် စစ်‌‌ဆေး ဆောင်ရွက်‌ခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေးနှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ
Mar 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွမ်းခြံကုန်းမြို့နယ် လူစည်ကားရာနေရာများဖြစ်သော မြို့မစျေး၊ ဗိုလ်ချုပ်လမ်းမကြီးတလျှောက်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။