မြောင်းမြစိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ဆဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းပွဲကျင်းပ

မြောင်းမြ မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ဆဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက စိုက်ပျိုးရေး ဒီပလိုမာ ဘွဲ့ရကျောင်းဆင်း မောင်မယ်များအား လုပ်ငန်းခွင် လမ်းညွှန်အမှာစကားများ ပြောကြားခဲ့ပြီး မြောင်းမြစိုက်ပျိုးရေး သိပ္ပံကျောင်းသို့ အလှူငွေကျပ်(၁၀)သိန်းအား ပေးအပ်ခဲ့ရာ စိုက်ပျိုးရေးသိပ္ပံကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ကျောင်းဆင်းဘွဲ့ရ မောင်မယ်များ မှတ်တမ်းတင် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများက တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခင်ရူပါအေး (မြောင်းမြပြန်/ဆက်)