(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲပြုလုပ်

ဆိပ်ကြီးခနောင်တို မတ် ၂၅

(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စစ်တုရင် ပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယမန်နေ့နေ့လည်ပိုင်းက ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ(Community Center) တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သဇင်ဦးက အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်နေ့ ဖြစ်ပေါ်လာပုံ၊ လူငယ်နှင့် စာပေဖတ်ရှုမှတ်သားမှုအကြောင်း အသိပညာပေးဟောပြောသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူ ၈ ဦးက လူငယ်နှင့် စာရိတ္တခေါင်းစဉ်ဖြင့် စာစီစာကုံး ရေးသားယှဉ်ပြိုင်ကြသည် ယင်းနောက် ကျောင်းသားများ စဉ်းစားတွေးခေါ်မှုကောင်းစေရန်နှင့် ဉာဏ်ရည်ထက်မြက်‌စေရန် စစ်တုရင်ပြိုင်ပွဲကို ပြုလုပ်ပေးခဲ့ပြီး၊ စာစီစာကုံးပြိုင်ပွဲနှင့် စစ်တုရင် ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆုများချီးမြှင့်ပေးခဲ့သည်။

အဆိုပါ ပြိုင်ပွဲများအပြီးတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ကဏ္ဍအလိုက်ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုကြရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက နံရံကပ်စာစောင်ပါ အကြောင်းအရာများအား ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။

ဝေယံ(IPRD)