စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

မုံရွာ မတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု၊ ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ အခွန်ငွေကောက်ခံရရှိမှုနှင့် Mini Budget တွင် တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့  နံနက် ၉ နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများအနေနဲ့ မိမိတို့ဆောင်ရွက်နေတဲ့ လုပ်ငန်းများနှင့်ပတ်သက်ပြီး ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ကျန်ရှိနေတဲ့ လုပ်ငန်းများအပေါ် ဆက်လက်ဆောင်ရွက်မဲ့ အခြေအနေများကို ပွင့်လင်းမြင်သာစွာနဲ့ ဆွေးနွေးတင်ပြကြရန် မှာကြားလိုပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများကိုလည်း တာဝန်ရှိများအနေနဲ့ သက်မှတ် ကာလအတွင်း သက်မှတ်ချက်ပြည့်မီအောင် ကြိုးစားဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း၊ ပန်းခင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ၇၅% ဆောင်ရွက်ပြီးစီးခဲ့ပြီး သက်မှတ် ကာလတွင် ရာနှုန်းပြည့်အမြန်ပြီးစီးအောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အခွန်ကောက်ခံမှုအနေနဲ့ ပတ်သက်လို့ တိုင်းဒေသကြီးအတွင်း အခွန်ကောက်ခံတဲ့ ဌာနကြီးများ အနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ၆ လဘက်ဂျက်ကာလအတွင်း သက်မှတ်ချက်ပြည့်မီအောင် ကောက်ခံနိုင်ရေး ကြိုးစားဆောင်ရွက်ခဲ့သော်လည်း အခြေအနေအရပ်ရပ်အရ ကောက်ခံရန် ကျန်အခွန်တို့အား ထပ်မံကောက်ခံရန် လိုအပ်ပါကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ၆ လ ဘက်ဂျက် ကာလအတွင်း တင်ဒါလုပ်ငန်းများကို သက်မှတ်ကာလအတွင်း စံချိန်စံညွှန်းမီ အရည်အသွေး ကောင်းမွန်စွာဖြင့် အချိန်မီပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း အချို့လုပ်ငန်းများ အပြီးသတ်ရန် ကျန်ရှိပါက အချိန်နှင့်တပြေးညီ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု၊ ပန်းခင်းစီမံချက် ဆောင်ရွက်နေမှုများနှင့် မိမိတို့ဌာနများအလိုက် အခွန် ကောက်ခံရရှိမှု အခြေအနေများ၊ တင်ဒါလုပ်ငန်းများ   ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးတို့က မိမိတို့ ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများ၊ ပန်းခင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ အခွန်ကောက်ခံရရှိမှုနှင့် တင်ဒါလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်တို့က လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး တင်ပြချက်များအပေါ် ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံမှု အခြေအနေများ၊ ပန်းခင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ အခွန်ကောက် ခံရရှိမှုနှင့် တင်ဒါလုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး အကြံပြု ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)