ဘက်စုံသုံးဆပ်ပြာဆီသင်တန်း ဖွင့်လှစ်

ပြင်ဦးလွင် မတ် ၂၅

ပြင်ဦးလွင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဘက်စုံသုံးဆပ်ပြာဆီသင်တန်းကို မတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရပြီး  ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင်အမျိုးသမီးများအသင်း women club အဖွဲ့ဝင်သင်တန်းနည်းပြ ဒေါ်မိမိလေးမှ  ဦးဆောင်သင်ကြားပေးခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့များနှင့် စိတ်ပါဝင်စားသူ သင်တန်းသား၊ သင်တန်းသူများ(၂၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် သင်တန်းသားများမှ ဆပ်ပြာဆီပြုလုပ်နည်းအား လက်တွေ့ပြုလုပ်ခဲ့ကြပြီးနောက် မွန်းလွဲ၁နာရီတွင် ခရိုင်​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်မှ သင်တန်းတက်ရောက်လာသူများအား ကျေးဇူးတင်စကားပြောကြား၍ ဘက်စုံသုံးဆပ်ပြာဆီဘူးများအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)