ကျုံပျော်မြို့နယ်၊ အထောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား တူညီဝတ်စုံများ ချီးမြှင့်ပေးအပ်

ကျုံပျော် မတ် ၂၅

ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရန်နှင့် သက်သာချောင်ချိမှုရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဝန်ထမ်းများအား တူညီ ဝတ်စုံများ ချီးမြှင့်ပေးအပ်ခြင်းကို ယမန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဝတ်စုံများကို မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ချီးမြှင့်ပေးအပ်ခြင်းဖြစ်ပြီး၊ အမျိုးသား (၈)ဦးအတွက် တစ်ဦးလျှင်ငွေ (၃၅၀၀၀)ကျပ်နှုန်းဖြင့် ဝတ်စုံ(၈)စုံ၊ အမျိုးသမီး(၅)ဦးအတွက် တစ်ဦးလျှင် ငွေ(၂၅၀၀၀)ကျပ်နှုန်းဖြင့် ဝတ်စုံ(၅)စုံ၊ စုစုပေါင်း ဝတ်စုံ(၁၃)စုံတို့ကို ဝန်ထမ်းများ လက်ဝယ်သို့ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အခက် အခဲများရှိပါက တင်ပြရန်၊ လုပ်ငန်းတာဝန်ကျေပွန်ကြရန်၊ ဝန်ထမ်းစည်းကမ်းနှင့် အညီ နေထိုင်ပြီး စည်းလုံးပျော်ရွှင်စွာ တာဝန်ထမ်းဆောင်ကြရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)