သတင်းများ

မံစီမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Mar 24,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါ ခန်းမ၌ ယနေ့နေ့ နံနက် ၁၁ နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။  
လှိုင်မြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး ရပ်ကွက်များ အရောက် သွားရောက်ထိုးနှံပေး
Mar 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်း အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံရန်အတွက် ရပ်ကွက်များအရောက် ယနေ့နံနက်(၉:၀၀)နာရီအချိန်က သွားရောက်ထိုးနှံ ပေးလျက် ရှိသည်။
ဖျာပုံမြို့နယ်၊ အမာမြို့တွင် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်
Mar 24,2022
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ အတွင်းရှိ ကျေးရွာများတွင် လေပြင်းတိုက်ခတ်ပြီး ရေတိုက်စားမှုကြောင့် ပျက်စီးသွားသော လူနေအိမ်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့်​ကယ်ဆယ်ရေး ပစ္စည်းများအား ယမန်နေ့ နေ့လယ်ပိုင်းက သက်ဆိုင်ရာကျေးရွာများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ
Mar 24,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်း၊ စာပေမှရသော အသိပညာဗဟုသုတများ အတွေးအခေါ် အသိအမြင်များအား အချင်းချင်းမျှဝေတတ်စေရန် စာပေမှရသော ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူမှုဘဝများဖြစ်လာစေရန်ရည်ရွယ်၍ ယနေ့ မွန်းလွဲ ( ၁:၀၀ ) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ
Mar 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်း ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ လပွတ္တာခရိုင်အတွင်းရှိ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီး ဆုံးရှုံးသွားသော အိမ်ထောင်စုများအတွက် လှူဒါန်းထောက်ပံ့ခြင်း အခမ်းအနားကျင်းပ
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် လပွတ္တာခရိုင်အတွင်း အာစနီ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ကျေးရွာများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဘေးသင့်အိမ်ထောင်စုများအတွက် လှူဒါန်းထောက်ပံ့ခြင်းအခမ်းအနားကို  ယမန်နေ့နံနက် (၁၀) နာရီ အချိန်ခန့်က  ကျင်းပခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေးအတွက် ရပ်ကွက်များသို့ Mobile Team ဖြင့် ကွင်းဆင်းဆောင်ရွက်
Mar 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေး အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသူများနှင့် ကာကွယ်ဆေးထိုးပြီး အသက်(၆၀)နှစ်နှင့်အထက် Booster Dose ထိုးနှံ မည့်သူများအား သက်ဆိုင်ရာရပ်ကွက်များသို့ Mobile Team ဖြင့် ကွင်းဆင်း၍ ထိုနှံပေးခြင်းကို ယမန်နေ့ နံနက်က (က)ရပ်ကွက်နှင့် (ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက ဆုံးရှုံးမှုနည်းပါးစေရန်နှင့် အမြန်ဆုံးငြှိမ်းသတ်နိုင်ရေး လက်တွေ့သရုပ်ပြ
Mar 24,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှုဆိုင်ရာ လက်တွေ့သရုပ်ပြခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မြို့မ ရဲစခန်းဝင်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။