ရန်ကုန် မတ် ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှုဆိုင်ရာ လက်တွေ့သရုပ်ပြခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မြို့မ ရဲစခန်းဝင်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးလင်းဦးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်း ဆိုင်ရာ သိကောင်းစရာများ၊ မီးဘေးနှင့်ကြုံတွေ့လာပါက ဆုံးရှုံးမှုနည်းပါးစေရန်နှင့် အမြန်ဆုံးငြှိမ်းသတ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် မီးသတ်ဆေးဘူးများအား လက်တွေ့အသုံး ချနည်းစနစ်များကို ရှင်းလင်းဆွေးနွေးခဲ့ရာ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် မီးငြှိမ်းသတ်ခြင်းဆိုင်ရာ လက်တွေ့သရုပ်ပြခြင်းတို့ကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန် ရှိသူများက ဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာကြသူများမှ လက်တွေ့စမ်းသပ် မီးငြှိမ်း သတ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်သူဟိန်း