သတင်းများ

အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၂၀၀ ဦးဆက်လက်ဝင်ရောက်
Mar 24,2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန် နေ့က ၂၀၀ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Mar 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ ကမ္ဘောဇခန်းမတွင် ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင်‌ ဇေယျမင်္ဂလာ ရွှေအင်းတောင်စေတီကြီး၏ ၁၁၉၂နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ဆွမ်းသပိတ်‌ လောင်းလှူပွဲကျင်းပ
Mar 24,2022
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ဂုဏ်ဆောင် ရှေးဟောင်းသမိုင်းဝင် ဇေယျမဂ်လာ ရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ၁၁၉၂ပြည့် ဗုဒ္ဓပူဇနိယ (တပေါင်း)ပွဲတော်ဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီက‌ ရွှေအင်းတောင် စေတီမြတ်ကြီး ၏ ရင်ပြင်တော်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တမာနိတ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တစာရိတ္တ၊ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊‌ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစံသိန်းနှင့် တာဝန်ရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်‌တော့၍ ဖွင့်လှစ်ခဲ့ပြီး ဇယ‌န္တောဗောဓိယာ အစရှိသည့် အောင်ဂါထာကို သုံးကြိမ်ရွတ်ဆိုကာ ဖဲကြိုးဖြတ်လှစ်‌ ပေးကြသည်။
ခရိုင်အဆင့်လူငယ်​ရေးရာ အသိပညာ​ပေး​ဟော​ပြောပွဲကို​ မှော်ဘီမြို့နယ်တွင် ကျင်းပ
Mar 24,2022
ကျောင်းသား၊ ​ကျောင်းသူများအား မျိုးချစ်စိတ်ဓါတ်များ ရှင်သန်ထက်မြတ်​စေ​ရေး၊ အကျင့်စာရိတ္တ​ကောင်းမွန်စေ​ရေးနှင့် ကျန်းမာ ကြံ့ခိုင်​စေရန်ရည်ရွယ်၍ ခရိုင်အဆင့်လူငယ်​ရေးရာ အသိပညာ​ပေးဟော​ပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်​မြောက်ပိုင်းခရိုင်၊ ​မှော်ဘီ မြို့နယ်၊ အမှတ်(၂) အ​ခြေခံပညာအထက်တန်း​ကျောင်း၊ ​ရွှေရတုခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
ပင်းတယမြို့နယ်၌ နွေရာသီရေရှားပါးသည့်အချိန် ရေခြံစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း
Mar 24,2022
မြန်မာနိုင်ငံ၏ တော၊ တောင်၊ ရေ၊ မြေ၊ သဘာဝအရ စိုက်ပျိုးရေးကို အခြေခံစီးပွားဖြစ် လုပ်ကိုင်စားသောက်ကြ ပြီး၊ ဒေသရာသီဉတု၊ မြေဆီလွှာနှင့် ကိုက်ညီသော သီးပင်၊ စားပင်များ စိုက်ပျိုး ရောင်းချလျက်ရှိကြရာ တောင်ပေါ်ဒေသဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အနီး ကျေးရွာများတွင် ရေခြံစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်းသိရသည်။
ကံမမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 24,2022
မကွေးတိုင်းဒေသကြီး ကံမမြို့ အခြေခံပညာ အထက်တန်းကျောင်း (ကံမ) ၏ မြဝတီခန်းမ၌ ယမန့်နေ့ မွန်းတည့် ၁၂ နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်နှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရန်ရည်ရွယ်၍ကျင်းပခဲ့ရာ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦး တက်ရောက်ခဲ့သည်။
ဒဂုံမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Mar 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်းကို ယနေ့နံနက်(၁၁) နာရီ အချိန်က မြို့နယ်ပညာရေးမှူးရုံး၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား ကျောင်းသူများအား သွားရောက်ဖြန့်ဝေခဲ့သည်။