မြောက်ဥက္ကလာပမြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေးအတွက် ရပ်ကွက်များသို့ Mobile Team ဖြင့် ကွင်းဆင်းဆောင်ရွက်

မြောက်ဥက္ကလာပ မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေး အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသူများနှင့် ကာကွယ်ဆေးထိုးပြီး အသက်(၆၀)နှစ်နှင့်အထက် Booster Dose ထိုးနှံ မည့်သူများအား သက်ဆိုင်ရာရပ်ကွက်များသို့ Mobile Team ဖြင့် ကွင်းဆင်း၍ ထိုနှံပေးခြင်းကို ယမန်နေ့ နံနက်က (က)ရပ်ကွက်နှင့် (ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါက်တာလဲ့ညိုဝင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ အရန်မီးသတ်၊ ကြက်ခြေန ီတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မတ်လ ၂၂ ရက်နေ့မှ ၃၀ရက်နေ့အထိ (က)ရပ်ကွက်၊ (ခ)ရပ်ကွက်၊ (ဂ)ရပ်ကွက်၊ (ဃ)ရပ်ကွက်၊ (စ)ရပ်ကွက်၊ (ဆ)ရပ်ကွက်၊ (ဇ)ရပ်ကွက်၊ (ဇ)ရပ်ကွက်၊ (ဈ)ရပ်ကွက်၊ (ဋ)ရပ်ကွက်၊ (ဌ)ရပ်ကွက်၊ ပုရွတ်ဆိတ် ကုန်းရပ်ကွက်၊ (၁)ရပ်ကွက်နှင့် (၂)ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးရုံးများနှင့် ဓမ္မာရုံများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို Mobile Team ဖြင့် ထိုးနှံပေးသွားမည် ဖြစ်ပြီး (က) ရပ်ကွက်တွင်  Frist Does ထိုးနှံသူ (၄၅)ဦး၊ Boosterထိုးနှံသူ (၁၁၃)ဦး နှင့်  (ခ)ရပ်ကွက်တွင် Frist Doesထိုးနှံသူ (၃၄)ဦး၊ Booster ထိုးနှံသူ (၁၀၉)ဦး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

မြမြဝင်း