ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ လပွတ္တာခရိုင်အတွင်းရှိ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီး ဆုံးရှုံးသွားသော အိမ်ထောင်စုများအတွက် လှူဒါန်းထောက်ပံ့ခြင်း အခမ်းအနားကျင်းပ

လပွတ္တာ မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် လပွတ္တာခရိုင်အတွင်း အာစနီ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ကျေးရွာများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဘေးသင့်အိမ်ထောင်စုများအတွက် လှူဒါန်းထောက်ပံ့ခြင်းအခမ်းအနားကို  ယမန်နေ့နံနက် (၁၀) နာရီ အချိန်ခန့်က  ကျင်းပခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာ-ပြင်စလူ လမ်းပေါ်ရှိ ဇင်ရွှဲလေးကျေးရွာနှင့် သင်္ဃန်းကြီး နလင်ကျော်ကျေးရွာများရှိ Cyclone Shelter များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး မုန်တိုင်းဒဏ်ကြောင့် ယာယီရွှေ့ပြောင်းထားရှိသော အိမ်ထောင်စု(၆၅)စုအား တစ်အိမ်ထောင်လျှင်(၅၀၀၀၀)နှုန်းဖြင့် (၃၂၅၀၀၀၀)ကျပ်အား ထောက်ပံ့ခြင်းကို လပွတ္တာမြို့နယ် ရွေးနဒီခန်းမ၌ ကျင်းပခဲ့သည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဆန်၊ အဆင့်မြင့်ခေါက်ဆွဲခြောက်၊ Mask၊ လက်သန့်ဆေးရည်၊ ကော်ဖီမစ်၊ ဂျုံခေါက်ဆွဲခြောက်တို့အား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အား စားသောက်ကုန်များပေးအပ်ခဲ့သည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော ပစ္စည်းများအား အစိုးရအဖွဲ့ကိုယ်စား ခရိုင်စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌမှ လပွတ္တာမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အား   ဆန်အိတ်(၃၀)၊ ဆီ()ပုံး၊ ကြက်သွန်နီ()အိတ်၊ ပဲ () အိတ်၊ ခေါက်ဆွဲခြောက် (၁၅၀၀)ထုပ်၊ ကြက်ဥ(၃၀၀)လုံး၊ ရေသန့်(၃၀၀)ဘူး ထောက်ပံ့ ပေးအပ်ခဲ့ပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးမျိုးညွန့်ဦးမှ  လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပေးခြင်းနှင့် လပွတ္တာခရိုင် စီမံခန့်ခွဲမှုဥက္ကဋ္ဌမှ လပွတ္တာမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အား ထောက်ပံပေး အပ်ခဲ့သည်။

လပွတ္တာမြို့နယ်အတွင် အာစနီမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမှ ပျက်စီးသည့် ဌာနဆိုင်ရာ အဆောက်အဦနှင့် လူနေအိမ်စုစုပေါင်း(၇၀)လုံး၊ ပျက်စီးမှုအများဆုံးကျေးရွာ ကညင်ကိုင်း ကျေးရွာအုပ်စု၊ ပျက်စီးမှုတန်ဖိုးအများဆုံး နေအိမ်များ ပြင်စလူ၊ ဆားချက်အုပ်စု၊ ပုံကမာ၊ ကုန်းကြီးကျေးရွာအုပ်စု၊ လေယာဉ်ကွင်းကျေးရွာ၊ တပ်ကွင်းအုပ်စု အောင်ဒိုးကျေးရွာ၊ ကုက္ကိုအုပ်စု၊ ပျဉ်မကုန်းကျေးရွာဖြစ်ကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုမှ သိရှိရသည်။

လပွတ္တာခရိုင် ပြန်/ဆက်