လှိုင်မြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး ရပ်ကွက်များ အရောက် သွားရောက်ထိုးနှံပေး

လှိုင် မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်း အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံရန်အတွက် ရပ်ကွက်များအရောက် ယနေ့နံနက်(၉:၀၀)နာရီအချိန်က သွားရောက်ထိုးနှံ ပေးလျက် ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ၏ စီစဉ်ကြီးကြပ်မှုဖြင့်လှိုင်မြို့နယ်(၁၂)ရပ်ကွက်၊​​ယောကျောင်းတွင် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covid Shield) ပထမ အကြိမ်ထိုးနှံသူစုစုပေါင်း(၂၈၀)ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသူစုစုပေါင်း (၆၂) ဦးရှိကြောင်း သိရသည်။ အဆိုပါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ရာနှုန်းပြည့်ဆေးထိုးနှံရေး ရပ်ကွက်များအရောက် သွားရောက် ထိုးနှံပေးလျက်ရှိသည်။

လှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် လှိုင်မြို့နယ်စီမံ အုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ကြ က်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈) နှစ်နှင့် အထက် ပြည်သူများလူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေးအဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်ရဲအောင်