ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

ရန်ကုန် မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်း ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးညီညီအောင်က ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ကူးစက်မှု များပြားလာပြီး မိမိတို့မြို့နယ်အတွင်းကူးစက်မှုများ လျော့နည်းစေရေး၊ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု  ရာနှုန်းပြည့်မီစေရေးတို့အတွက်  ရပ်ကွက်များအရောက် ကာကွယ်ဆေးထိုးနှံပေးမှုများကို မတ်လ  ပထမပတ်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ် အတွင်းရှိကျူးကျော်နေထိုင်မှု အများဆုံး ရှိသော ရပ်ကွက်များဖြစ်သည့် (၁၆) ရပ်ကွက်၊ (၄၈) ရပ်ကွက်၊  (၅၁)ရပ်ကွက်များသို့ သွားရောက်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပြောကြားကာ ဌာနဆိုင်ရာများအနေဖြင့်  ပူးပေါင်းကူညီဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။ 

ဆက်လက်၍  ရပ်မိရပ်ဖဦးမြင့်ဇော်မှ   ဆောင်ရွက်ရမည့်လုပ်ငန်းများ၊  ဆက်စပ်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာသော ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် ဆွေးနွေးပြောကြားကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား နံနက် ၁၁ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)