သတင်းများ

ကျိန္တလီမြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဍပ်ဖွင့်လှစ်
Apr 14,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေ ကစားမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ ညနေပိုင်းက ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ ရေကစားမဏ္ဍပ်၌ ကျင်းပခဲ့သည်။
ဒဂုံ မြို့နယ် ရေကစားမဏ္ဍပ်တွင် ပြည်သူများ​​ ပျော်ရွှင်စွာရေကစားကြပြီး စတုဒီသာများ​ ကျွေးမွေးဧည့်ခံ
Apr 14,2022
၁၃၈၃ခုနှစ်၊ မြန်မာ့ရိုးရာယဉ် ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို  မြန်မာ့ရိုးရာ အစဉ်လာမပျက် ထိန်းသိမ်းရန်နှင့် အနှစ်သာရရှိရှိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရည်ရွယ်ကာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်း ပြည်လမ်း အ​ရှေ့ရပ်ကွက်၊ ပြည်သူ့ရင်ပြင်၊​ကျောက်ကွင်းရှိ ရေကစားမဏ္ဍပ်အား ယမန်​​နေ့ ဧပြီလ ၁၃ ရက်​နေ့ သင်္ကြန်အကြို​နေ့မှ စတင်ကာ ပြည်သူများ​ရေ ကစားခြင်းနှင့် စတုဒိသာများ​ကျွေး​မွေးခြင်းများ ပြုလုပ်လျက်ရှိသည်။
အမာမြို့၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 14,2022
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က အမာမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားပြုလုပ်
Apr 14,2022
မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်မှ ၁၃၈၃ သို့ ကူးပြောင်းသည့် နှစ်သစ်ကူး မဟာအတာသင်္ကြန် ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီက ကျောက်ဖြူမြို့၊ အစိုး ရပ်ကွက်၊ ဗျူးပွုင့်အနီးရှိ  အဆိုပါ မဏ္ဍပ်၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးရဲလင်းမောင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး စိုင်းမောင်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်း ရေးမှူး ဒုတိယရဲမှူးကြီး နေထွန်းလင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးတင်ရွှေတို့မှ တက်ရောက်အားပေးချီးမြှင့်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
မရမ်းကုန်းမြို့နယ် ပြည်​ထောင်စု​ကျောင်းလမ်း၌ လမ်း​လျှောက်သင်္ကြန် ကျင်းပ
Apr 14,2022
၁၃၈၃ခုနှစ် မဟာသင်္ကြန်အကြို​​နေ့ဖြစ်သည့် ယ​မန်နေ့ည​နေ ၄:၀၀​နာရီအချိန်တွင် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ ပြည်​​ထောင်စု​ကျောင်းလမ်း၌ လမ်းလျှောက်သင်္ကြန် ကျင်းပ​​ပြုလုပ်ခဲ့သည်။
ဗန်းမောက်မြို့၌ သင်္ကြန်အကြိုနေ့ မြန်မာ့ရိုးရာအတာသင်္ကြန် ဗဟိုလ်မဏ္ဍပ်ဖွင့်ပွဲကျင်းပ
Apr 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီ ၃၀ အချိန်က မြို့မကျောက်တိုင်ကွင်းအတွင်းရှိ မဟာသင်္ကြန်ဗဟိုလ်မဏ္ဍပ်၌ ကျင်းပသည်။
လပွတ္တာခရိုင် (၃ )မိုင် မြို့သစ်မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင် မြို့သစ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီအချိန်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြောင်း သိရှိရသည်။
ဗန်းမော်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ
Apr 14,2022
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက်နေ့တွင် ကျရောက်သော မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် (အကြိုနေ့) ကို  ကချင်ပြည်နယ် ဗန်းမော်မြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဗန်းမော်မြို့ ၂ မိုင်အောင်သာရပ်ကွက်ရှိ ဗလမင်းထင်ဂေါက်ကွင်းအနီး၌ ဗဟိုမဏ္ဍပ်အား တာဝန်ရှိများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။