သတင်းများ

ဗန်းမော်မြို့တွင်းလမ်း နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခြင်းနှင့်  မိုးမောက်- လွယ်ဂျယ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် လမ်းနယ်မလွတ်သည့် အိမ်၊ ခြံမြေ များအတွက် လျော်ကြေးငွေပေးအပ်
Mar 24,2022
ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့သည် ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ  မတ် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဗန်းမော်မြို့တွင်းလမ်း အဆင့်မြင့်တင် ဆောင်ရွက်နေမှုနှင့် မိုးမောက်-လွယ်ဂျယ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် လမ်းနယ်မလွတ် သည့် နေအိမ်/ ခြံမြေများအတွက် လျော်ကြေးငွေများ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
တနိုင်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 24,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဆင်ဆာ့မ်ရပ်ကွက်၊ အထက-၂ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ
Mar 24,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ စီစဉ်ထုတ်ဝေသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့မ စည်ပင်သာယာစျေး၊ ကားဂိတ်၊ လက်ဖက်ရည်ဆိုင်နှင့် လမ်းသွားလမ်းလာပြည်သူများထံ အခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင် များကို ယမန်နေ့ နံနက်ပိုင်းက ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာများနှင့် တပ်နယ်မိသားစုများထံသို့ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရပါသည်။
ဇမ္ဗူသီရိမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ
Mar 24,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာရေးဆရာမ တင်ရီမ (ညောင်ဦး) ရေးသားသည့် “နေဝင်ချိန်တိမ်တောက်သလိုပနှင့် တရားစာစုများ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက ဇမ္ဗူသီရိ မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပ ခဲ့သည်။
(၇၇) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်တော်သာ (စစ်တွေ) - ရေချမ်းပြင်လမ်းပိုင်း၌ RBE ရထားပြေးဆွဲ
Mar 24,2022
(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်တော်သာ (စစ်တွေ) - ရေချမ်းပြင် လမ်းပိုင်းတွင် RBE ရထား ပြန်လည်ပြေးဆွဲခြင်း အခမ်းအနားကို ယနေ့နံနက် ပိုင်းက ပြည်တော်သာဘူတာယာဒ်ဝင်း၌ ကျင်းပသည်။
ငပုတောမြို့နယ် ဝက်ဆူ​ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းပျက်စီးဆုံးရှုံးမှုအား ကြည့်ရှုစစ်ဆေး
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဝက်ဆူကျေးရွာအုပ်စု၊ ဝက်ဆူကျေးရွာတွင် လေပြင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း အမိုးလန်ပျက်စီးမှုအခြေနေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမြင့်ဆွေ၊ လက်ထောက်ပညာရေးမှူး ဦးနိုင်လင်းတို့က ယနေ့ နံနက်ပိုင်းက သွားရောက်ကြည်ရှုစစ်ဆေးခဲ့ သည်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာအုပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Mar 24,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက သုတ/ရသ စာအုပ်များအား ပေးအပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။