သတင်းများ

သထုံမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 23,2022
မွန်ပြည်နယ်၊ သထုံမြို့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Mar 23,2022
မန္တလေးတိုင်းဒေသကြီး ၊ မြစ်သားမြို့နယ်တွင်       အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုံးပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း စုရပ်နေရာများအလိုက် ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က အထက မင်းကွက်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုဘိုင်းစနစ်ဖြင့် ဒေသခံပြည်သူ (၁၃၅၃)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အိမ်တိုင်ယာရောက်ထိုးနှံပေး
Mar 23,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက်ရှိသူများနှင့်ဒေသခံ ပြည်သူ (၁၃၅၃)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မိုဘိုင်းစနစ်ဖြင့် အိမ်တိုင်ယာရောက်ထိုးနှံပေး ခြင်းအား ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိကျေးရွာ များတွင် ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
ပိုင်ကျုံမြို့လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ လျှပ်စစ်မီး‌ချွေတာ သုံးစွဲရေး အသိပညာပေး (Talk Show) ဆွေး‌နွေးပွဲ ကျင်းပပြုလုပ်
Mar 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းအချိန်က လျှပ်စစ်မီးချွေတာသုံးစွဲရေးအသိပညာပေး (Talk. Show)ဆွေး‌‌နွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဖောင်းပြင်မြို့နယ်၌ လူငယ်ရေးရာဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို မြို့နယ်အခြေခံပညာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဖောင်းပြင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံ နက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးမြောက်
Mar 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲကို မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းက ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးမြောက်ခဲ့ကြောင်း သိရသည်။
ခမောက်ကြီးမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၂ခုနှစ် မတ်လ ၂၇ ရက်နေ့၌ ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။