သတင်းများ

ကျောင်းကုန်းမြို့တွင် သင်္ကြန်အတက်နေ့ ပျော်ရွှင်စွာ ဆင်နွှဲ
Apr 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ကမ်းနားလမ်းနှင့် ဆေးရုံလမ်းထောင့် ဗဟိုမဏ္ဍပ်တွင် ယနေ့သင်္ကြန်အတက်နေ့တွင် ပျော်ရွှင်စွာ ဖျော်ဖြေ ကပြ သီဆိုကာ ရေပက်ကစားခဲ့ကြသည်။ အလှူရှင်များကလည်းနေ့စဉ် မုန့်လုံးရေပေါ်များ၊  မုန့်လက်ဆောင်းများ၊ ထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် မဟာသင်္ကြန်အတက်နေ ့အေးချမ်းပျော်ရွှင်စွာ ရေကစား
Apr 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ၁၃၈၃ ခုနှစ်၊ မဟာသင်္ကြန်အတက်နေ့၌ လှည်းကူးမြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျှက်ရှိကြောင်းသိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နှစ်ဦးကောင်းမှုကုသိုလ်များ အစဉ်အလာမပျက်ပြုလုပ်
Apr 16,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မဟာသင်္ကြန် ရုံးပိတ်ရက်ကာလ အခါကြီးအခါရက်များတွင်း မြန်မာနှစ်ဦး ကောင်းမှုကုသိုလ်များ အစဉ်အလာမပျက် ပြုလုပ်ကြကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
မဟာသင်္ကြန်အတက်နေ့၌ ရေပက်ခံကစားသူများနှင့် စတုဒီတာကျွေးမွေးသူများဖြင့် အထူးစည်ကားနေ
Apr 16,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မဟာသကြန်အတက်နေ့၌ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ ရေပက်ကစားသူများနှင့် ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲ အေးချမ်းပျော်ရွှင်စွာဆင်နွှဲ
Apr 16,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲအား ဒေသခံ ပြည်သူများ ဧပြီလ ၁၃ ရက်နေ့မှ စတင်ပြီး ယမန်နေ့ သင်္ကြန်အတက်နေ့အထိ အေးချမ်းပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲလျက်ရှိကြသည်။
ဖျာပုံမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်အတက်နေ့ ဗဟိုမဏ္ဍပ်တွင် ပြည်သူများ ပျော်ရွှင်အေးချမ်းစွာ ရေပက်ကစား
Apr 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန် အတက်နေ့ ဗဟိုမဏ္ဍပ်တွင် ပြည်သူများ ပျော်ရွှင်အေးချမ်းစွာဖြင့် ရေပက်ဖျန်းကစားလျက်ရှိကြသည်။
ဆိပ်ဖြူမြို့နယ် ယောချောင်းသို့ မဟာသင်္ကြန် အကြတ်နေ့၌ ပြည်သူများပျော်ရွှင်စွာ ရေကစား
Apr 16,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ယောချောင်းသို့ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန် ရေသဘင်ပွဲတော် သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်းတွင် ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားကြောင်းသိရသည်။