ဗန်းမော်မြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Mar 27,2022
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဒေသခံပြည်သူများအား အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာ ရရှိခြင်းဖြင့် ကိုယ်ပိုင်စီးပွားရေးနှင့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများ ပေါ်ထွန်းလာစေရန် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်၊ ရှမ်းဝိုင်းရပ်ရှိ ကက်သလစ် အသင်းတော် စိန်ဂျွန်းဓမ္မာရုံ၌ သင်တန်း(၁ဝ)မျိုးဖြင့် စာတွေ့လက်တွေ့သင်ကြားပေး လျက်ရှိကြောင်း သိရသည်။