ကျွန်းလှ နိုင်ဝင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ် မကျီးအင်းကျေးရွာ၊ ကွင်းအမှတ် ၂၉၂၊ တောင်သူ ဦးသန်းထွန်းဦး၏ ယာမြေ ၂ ဧကတွင် ယနေ့ နံနက် ၇ နာရီက ဆောင်းမြေပဲသီးနှံ ဂျစ်ပ်ဆမ် (Gypsum) ထည့်သွင်းခြင်း ကွင်းသရုပ်ပြကျင်းပကြောင်း သိရသည်။
“ဆောင်းမြေပဲ စိုက်ခင်းများအတွင်း ဂျစ်ပဆမ် (Gypsum) စနစ်တကျ ထည့်သွင်းအသုံးပြုခြင်းဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်း၊ မြေပဲအတောင့်ကြီးထွားပြီး အစေ့အဆန် အောင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ကန့်ဘလူခရိုင် မြေအသုံးချရေးတာဝန်ခံ ဒေါ်တူးတူးမာက ရှင်းလင်းပြောကြားပြီး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ဆောင်းမြေပဲစိုက်တောင်သူများအား ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်း များက မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးစိုက်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှု ကင်းစင်ရေး၊ GAP နည်းစနစ်ဖြင့်စိုက်ပျိုးရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေး ပြုလုပ်သုံးစွဲရေးတို့ကို ကွင်းဆင်းအသိပညာပေးလျက်ရှိ ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆောင်းမြေပဲ ၆၅၅၁ ဧက စိုက်ပျိုးရန်လျားကြောင်း၊ အောက်တိုဘာလကုန်အထိ ၂၈၀၀ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ