ကျိုက်မရော၌ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များအား  လူစည်ကားရာနေရာများ၌ နှိုးဆော်အသိပေး၍ ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေ

ကျိုက်မရော နိုဝင်ဘာ ၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယဦးစီးမှူးရုံးမှဝန်ထမ်းများသည် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များနှင့် ပတ်သက်၍ အသိပေးနှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက မြို့ပေါ်ရက်ကွက် ၄ခု နှင့် လူစည်ကားရာ နေရာများ၌ လက်ကိုင်အသံချဲ့စက်များဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ အသိပေး နှိုးဆော်ရာ၌  မိဘပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့်  အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ၆၆/၆ (အထစ) နှင့်ပတ်သက်၍ အခက်အခဲများအား သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ သွားရောက် ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ကာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မွန်ပြည်နယ်ရုံး ကထုတ်ဝေသည့်  မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ပညာပေး လက်ကမ်း စာစောင်များအား မြို့ပေါ်ရပ်ကွက်များ၊ လမ်းဆုံ လမ်းဝများနှင့် လူဝင်လူထွက် များပြားသည့် စံပယ်ဂူတံတားအဆင်းတို့၌ လမ်းသွားလမ်းလာ ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခြင်း၊ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်  လဝက ရုံးဝန်ထမ်းများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်းကာ လှည့်လည်ပညာပေး နှိုး ဆော်ခဲ့ကြကြောင်း သိရသည်။

 ချိုမြတ် မြတ်ထွေး(ပြန်/ဆက်)