ဖြူးမြို့နယ်၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပ

​ဖြူး နိုဝင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌  မြို့​နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ ကြီးမှူး၍  ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားကို ဖြူးအရှေ့ကျေးရွာအုပ်စု၊ ဦးပုကုန်းဘုန်းတော်ကြီးကျောင်းတွင်  ယနေ့ နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍  အခမ်းအနားအား ဖွင့်လှစ်သည်။ ထို့နောက် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များက  မြို့နယ်သံဃာ့နာယကဥက္ကဌ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ကထိန်တရားတော်မြတ်ကိုနာကြားကာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကထိန်လျာသင်္ကန်း၊ လှူဖွယ်ဝတ္တုနှင့် ပဒေသာပင်များ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစု တို့အတွက်  ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်/သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် နဝကမ္မဝတ္ထုငွေ (၄၀၅၀၀၀) ကျပ်၊ ပဒေသာပင် (၂၂) ပင်အတွက် ပစ္စည်းတန်ဖိုး (၃၄၁၃၇၅၀) ကျပ်၊ ငွေသားတန်ဖိုး (၆၈၆၄၂၀၀) ကျပ်ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)