ဒဂုံမြို့နယ်အတွင်း ကိုဗစ်-၁၉​ ကာကွယ်​ဆေးများ ​ကျောင်းများတွင် ဆက်လက်ထိုးနှံ​

ဒဂုံ နိုဝင်ဘာ ၃                                                                                                               

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ​ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရား လမ်းနှင့်နဝ​ဒေးလမ်း​ထောင့်ရှိ အမှတ်(၁)အ​ခြေခံပညာအထက်တန်း​ကျောင်းတွင် ယမန်နေ့ နံနက် ၉နာရီ မှ ၁၁:၃၀ နာရီထိ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ၊​ ကျောင်းသား​၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံ​ပေးခြင်း​ ဆောင်ရွက်ခဲ့သည်။

ကာကွယ်​ဆေးထိုးနှံရာတွင် ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး စောပိုင်၊ အဖွဲ့ဝင် (၂) ဦးမြင့်အေး၊ အတွင်းရေးမှူး ယာယီရဲမှူးမင်းခိုင်တို့မှ ကြီးကြပ်၍ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာရွှေပြည်ပါ ကျန်းမာရေးဝန်ထမ်း ၁၀ ဦး နှင့် ကျန်းမာ​ရေးစစ်​ကြောင်းအဖွဲ့ဝင်များက ပါဝင်ပူး​ပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့​ ဆောင်ရွက်ရာတွင်  ဒုတိယအကြိမ်အဖြစ် ကျောင်းသား (၆၄) ဦး၊​ ကျောင်းသူ (၉၀) ဦး၊ ပေါင်း (၁၅၄) ဦးတို့အား (Sinopharm) အမျိုးအစား ကာကွယ်ဆေး(၁)လုံးလျှင်လူ (၅) ဦးနှုန်းဖြင့် ဆေးလုံးရေ (၂၁.၆) လုံးအား လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) အဖြစ်​ ကျောင်းသား (၂) ဦး၊ ကျောင်းသူ (၃) ဦး၊ ပေါင်း (၅) ဦးတို့အား (Myancopharm) အမျိုးအစား ကာကွယ်ဆေး(၁)လုံးလျှင် လူ (၅) ဦးနှုန်းဖြင့် ဆေးလုံးရေ (၁) လုံးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံ​ပေးခဲ့ကြပြီး ကျန်းမာ​ရေးစစ်​ကြောင်း  အဖွဲ့ဝင်များက Mask များ​ ဝေငှ​ပေးခဲ့ကြ​ကြောင်း သိရသည်။

အဆိုပါ ကာကွယ်​ဆေးထိုးနှံမှုအား ရန်ကုန်တပ်နယ်မှ ဗိုလ်ကြီးသက်ညီညီ​မောင် ဦးစီး ၁+၅ ဦး၊ အမှတ် (၃) လုံခြုံ​ရေး ရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ် သန့်​ဇော်မျိုး ဦးစီး၁+၈ဦး၊ ဒဂုံမြို့မရဲစခန်းမှ ရဲတပ်ကြပ် လှဝင်းပါ (၃) ဦးတို့မှ လုံခြုံ​ရေးအတွက် ကူညီဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။

ကြည်​ဇေ​သော်