သတင်းများ

လမ်းမတော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူများ စတင်ဖြေဆိုလျက်ရှိ
Mar 31,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ (၂၇၉) ဦးမှ ယနေ့နံနက် (၉) နာရီ အချိန်ကစ၍ ​နေ့လည်၁၂ နာရီထိ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
သိန္နီမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာဖြေဆို
Mar 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁) စာစစ်ဌာန၌ ကျင်းပရာ ကျောင်းသား/သူ (၂၁၉)ဦးက ယနေ့ မြန်မာစာဘာသာရပ်အား အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ခေါင်လန်ဖူးမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ‌ စတင်ဖြေဆို
Mar 31,2022
ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့၊ ခေါင်လန်ဖူးစာစစ်ဌာနတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှစ၍ မြန်မာစာဘာသာကို စတင်ဖြေဆိုနေပြီး အတွင်းဖြေ/ အလွတ်ဖြေ စာရင်းရှိမှာ ကျား (၁၅)ဦး၊ မ (၃၀)ဦး၊ စုစုပေါင်း (၄၅)ဦး၊ ပထမရက်တွင် ဖြေဆိုသူမှာ ကျား (၁၄)ဦး၊ မ (၂၁)ဦး၊ ပေါင်း (၃၅)ဦး၊ ပျက်ကွက်သူမှာ ကျား (၁)ဦး မ (၉)ဦး၊ ပေါင်း (၁၀)ဦးရှိကြောင်း သိရပါသည်။
ချောင်းဆုံမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၅)ခု၌ ကျောင်းသား/ကျောင်းသူ (၈၄၁)ဦး ဖြေဆို
Mar 31,2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မြန်မာနိုင်ငံရှိ စာစစ်ဌာနများမှ မတ်လ (၃၁)ရက်နေ့ မှ ဧပြီ ၉ ရက်နေ့အထိကျင်းပရာ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ စာစစ်ဌာန(၅)ခုမှ ယနေ့နံနက် ၉ နာရီက စတင်၍ မြန်မာစာဘာသာရပ်ကို ကိုဗစ်-၁၉ စည်းကမ်းနဲ့အညီ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသား/သူများ အေးချမ်းစွာဖြေဆို
Mar 31,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာဖြေဆိုမှု အေးချမ်းစွာပြီးစီး
Mar 31,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့အဖြစ် ယနေ့နံနက် (၉)နာရီက အထက(မိုင်းဆတ်)စာစစ်ဌာနတွင် မြန်မာစာ ဖြေဆိုမှုအေးချမ်းစွာပြီးစီးခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်ရှိ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား / ကျောင်းသူများ ဝင်ရောက်ဖြေဆို 
Mar 31,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် (၉) နာရီမှ စတင်ပြီး သက်ဆိုင်ရာ စာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးညွှန်ကြားချက် များနှင့်အညီ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ပခုက္ကူမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲကျင်းပ
Mar 31,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပသည်။