ကမာရွတ်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 01,2022
မီးဘေး၊ သဘာဝဘေးနှင့် အခြားဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာပါက မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုပြီး အချိန်နှင့်တပြေးညီ လျှင်မြန်စွာ ကယ်ဆယ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကမာရွတ်မြို့နယ် အမှတ်(၅)ရပ်ကွက် မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။