သတင်းများ

ဗဟန်းမြို့နယ်၌ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်
Apr 02,2022
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ဗဟန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာနကလူမှုဘဝပြည့်စုံဖို့နိုင်ငံသား ကတ်ကိုင်ကြစို့ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာယနေ့ နံနက်ပိုင်းကဗဟန်းမြို့နယ်၊ ဆရာစံ​တောင်ရပ်ကွက်၊ ဦးချစ်​မောင်လမ်းမကြီး၊ ဆရာစံ​တောင်ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးရှိ၊ ခြင်းလုံးအားကစားရုံးတွင် ရပ်ကွက်နေပြည် သူများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ်၌ စျေးကွက်ဝင် နွေနှမ်းသီးနှံ ရာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်
Apr 02,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ယခုနှစ်အတွင်း စျေးကွက်ဝင် နွေနှမ်းသီနှံ စိုက်ပျိုးရာတွင် သဖန်းဆိပ် ဆည်ရေသောက် ဧကများတွင် နွေနှမ်းစိုက်ပျိုးရန် ရာထားဧက ၄၃၀၀၀ သတ်မှတ်ခဲ့ရာတွင် ယနေ့အထိ ၄၃၂၀၀ စိုက်ပျိုးပြီး ဖြစ်သဖြင့် ရာထားဧက ၉၆ ရာခိုင်နှုန်း  စိုက်ပျိုးနိုင်ခဲ့ပြီး ရာသီးကုန်တွင် ရာထားသတ်မှတ်ဧကထက် ကျော်လွန် စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်းကို ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်၏ ပြောကြားချက်အရ သိရှိရပါသည်။
မွန်ပြည်နယ်ရှိ မြို့နယ်တချို့တွင် ညမထွက်ရအမိန့်ကို  ၂ နာရီ ဖြေလျော့သတ်မှတ်ပေး
Apr 02,2022
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ ယခင်ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်အား ၂ နာရီ ဖြေလျော့သတ်မှတ်ကြောင်း သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ သိရသည်။
ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင်ပါဝင်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Covaxin)ဆက်လက်ထိုးနှံ
Apr 02,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများအား အဋ္ဌမအသုတ်(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covaxin) ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ်အတွင်း သတ်မှတ်ထားသောဆေးထိုးစုရပ်နေရာများတွင် ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ဟားခါးမြို့၌  ပြည်သူ ၃၇၁ ဦးအား  ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီး
Apr 02,2022
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းကျဆင်းပပျောက်နိုင်ရေးအတွက် မတ်လ ၂၉ ရက်နေ့မှ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး First Dose နှင့် Second Dose ထိုးနှံပေးလျက်ရှိရာ ပြည်သူ ၃၇၁ ဦးက လာရောက်ထိုးနှံ ကြကြောင်း သိရ သည်။
မူဆယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌  အခြေခံမိုဘိုင်းဖုန်း အသုံးပြုနည်းသင်တန်းဖွင့်လှစ်
Apr 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌  အခြေခံမိုဘိုင်းဖုန်း ပြုပြင်နည်းသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်  ၉ နာရီ အချိန်က ဖွင့်လှစ်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်၌ အသက်(၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးဆောင်ရွက်
Apr 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ကာကွယ်ဆေး ထိုးနှံ ခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်၈ နာရီမှ ညနေ ၃ နာရီအထိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့်  ပြည်သူမျာရောဂါ COVID SHIELD ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သုဝဏ္ဏ(၂၉)ရပ်ကွက်၊ မင်းဒင်လမ်း ပုညကာရီဓမ္မာရုံနှင့် ကျိုက္ကစံ ဘုရားဝန်းအတွင်းရှိ ဓမ္မဗိမာန်တော်ဓမ္မာရုံတို့၌  ကိုဗစ်ရောဂါကာကွယ်ဆေးများကိုဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၁၈) နှစ်အထက် ပြည်သူများအား ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးဆောင်ရွက်
Apr 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ် ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်