သတင်းများ

တိုက်ကြီးမြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်
Apr 02,2022
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေ ဖြင့် မီးကိုပေါ့ဆစွာအသုံးမပြုရေး၊ မီးလောင်မှုမဖြစ်ပွားစေရေးနှင့် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဉီးစီးအရာရှိ ဦးဇော်ချစ်ထက် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေ ၅ နာရီက ရပ်ကွက်/ကျေးရွာများသို့   အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့သည်။
ရွှေပြည်သာမြို့နယ်၌အခြေခံစားသောက်ကုန်များလာရောက်ရောင်းချပေး
Apr 02,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ရွှေပြည်သာမြို့နယ်၌မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် အခြေခံစားသောက်ကုန်များကို ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာ မြို့နယ်အမှတ်(၂၂)ရပ်ကွက်၌ လာရောက်ရောင်ချပေးလျက်ရှိကြောင်းသိရသည်   ထိုသို့ရောင်ချ ပေးရာတွင် ဆန်ချော(၁)ပြည် ၂၀၀၀ကျပ် ဆန်ကြမ်း(၁)ပြည် ၁၂၀၀ ကျပ် ဆီ(၅၀)ကျပ်သား တဗူးလျှင်၄၀၀၀ကျပ် ကြက်ဥ ၁၀လုံးကတ်(၁)လျှင် ၁၅၀၀ကျပ်တို့ဖြင့် ရပ်ကွက်နေ ပြည်သူများအား ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့၌ မြို့နယ်ကျက်သရေဆောင် ရတနာအောင်သိဒ္ဓိမြို့ဦးလှိုင်ဂူစေတီတော် ဘက်စုံတည်ဆောက်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်ရန် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Apr 02,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ မြို့နယ်ကျက်သရေဆောင် ရတနာအောင်သိဒ္ဓိမြို့ဦးလှိုင်ဂူစေတီတော်မြတ်ကြီး ဘက်စုံတည်ဆောက်ရေးလုပ်ငန်းဆောင် ရွက်ရန် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က သရက်ချောင်းမြို့နယ်၊ စည်ပင်သာယာကျောက်တိုင်ဝင်း မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟားခါးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေး
Apr 02,2022
ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အီးကေကိမ်း ငင်းခန်းမဆောင်၌ မတ်လ ၃၀ ရက်နေ့မှ ယမန်နေ့အထိ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန CommunityCentre ၌စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ “ပျော်ရွှင်နိုင်ပါစေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Apr 02,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)ရေးသားထားသည့် “ပျော်ရွှင်နိုင်ပါစေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ဇီးကုန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုး မွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းဆောင်ရွက်
Apr 02,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသကုန် ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ယမန်နေ့က ဇီးကုန်းမြို့နယ် မီးကောက်ပင်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ်၌ စျေးကွက်ဝင် နွေနှမ်း သီးနှံ ရာထား ဧကထက် ကျော်လွန် စိုက်ပျိုး
Apr 02,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ယခုနှစ်အတွင်း စျေးကွက်ဝင် နွေနှမ်း သီးနှံ စိုက်ပျိုးရာတွင် သဖန်းဆိပ် ဆည်ရေသောက် ဧကများတွင် နွေနှမ်းစိုက်ပျိုးရန် ရာထား ဧက ၄၃၀၀၀ သတ်မှတ်ခဲ့ရာတွင် ယနေ့ အထိ ၄၃၂၀၀ စိုက်ပျိုးပြီး ဖြစ်သဖြင့်  ရာထား ဧက ၉၆ ရာခိုင်နှုန်း  စိုက်ပျိုးနိုင်ခဲ့ပြီး ရာသီးကုန်တွင် ရာထားသတ်မှတ် ဧကထက်ကျော်လွန် စိုက်ပျိုး နိုင်မည် ဖြစ်ကြောင်းကို ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်၏ ပြောကြားချက်အရ သိရသည်။
မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 02,2022
မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။