သတင်းများ

ရွှေကျင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူစိုက်ပျိုးနည်းပညာ သင်တန်းနှင့် EM ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်
Apr 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူ စိုက်ပျိုးနည်းပညာ သင်တန်းနှင့် EM ဘိုကာရှီမြေဆွေးပုံ ပြုလုပ်သုံးစွဲနည်း လက်တွေ့ သရုပ်ပြခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆို
Apr 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများမှ ယနေ့နံနက် (၉) နာရီ အချိန်ကစတင်၍ နေ့လည် ၁၂ နာရီထိ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ရေဦး၌ ကိုယ်၀န်ဆောင်မိခင်နှင့် မွေးကင်းစမှတစ်နှစ်ခွဲအထိ ကလေးများအား ပုံမှန် ကာကွယ်ဆေးထိုးနှံပေး
Apr 01,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဆေးရုံကြီးတွင် ယနေ့နံနက် ၉ နာရီမှစ၍ ကိုယ်၀န်ဆောင်မိခင်နှင့် ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ပင်းတယမြို့၊ မြို့အဝင်/ အထွက်ဂိတ်များတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများစစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံခြင်းများ စတင်ဆောင်ရွက်
Apr 01,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ မြို့အဝင်/ အထွက်ဂိတ်များ ဖြစ်သည့် အော်ယော စစ်ဆေးရေးဂိတ်၊ ရွာငယ်စစ်ဆေးရေးဂိတ်နှင့် ဟော်ကုန်း စစ်ရေးဂိတ်တို့တွင် ယနေ့(ဧပြီ -၁) ရက်နေ့မှစ၍ မိဘပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြား များ ကိုင် ဆောင်ထားခြင်း ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခြင်း၊ ကိုဗစ်ကာကွယ် ဆေးတစ်ကြိမ်တစ်ခါ ထိုးနှံခြင်း မရှိသေးသူများအား ကာကွယ်ဆေးထိုးနှံခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့အား ဌာန ဆိုင်ရာများပူးပေါင်း၍ စတင် ဆောင်ရွက်လျက်ရှိသည်။
၂၀၂၂-ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ယာဉ်လိုင်းများ ပြေးဆွဲပေးမည့် အခြေအနေများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပ
Apr 01,2022
၂၀၂၂-ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ၊ ရန်ကုန်မြို့မှ မြန်မာပြည် အနယ်နယ်အရပ်ရပ်သို့ ခရီးသွားပြည်သူများနှင့် ကုန်စည်များ သယ်ယူပို့ဆောင်ပေးနေသည့် အဝေးပြေးယာဉ်လိုင်းများအား ပြေးဆွဲပေးမည့် အခြေအနေများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ (၂/၂၀၂၂)ကို ယနေ့နံနက်ပိုင်း အချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဗဟန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Apr 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက လူမှုဘဝပြည့်စုံဖို့နိုင်ငံသား ကတ်ကိုင်ကြစို့ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ ဆရာစံ​တောင်ရပ်ကွက်၊ ဦးချစ်​မောင်လမ်းမကြီး၊ ဆရာစံ​တောင်ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးရှိ၊ ခြင်းလုံး အားကစားရုံးတွင် ရပ်ကွက်နေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
Apr 01,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်မိခင်နှင့်ကလေး
ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆို
Apr 01,2022
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မတ်လ(၃၁)ရက်နေ့မှ စတင်၍ သက်ဆိုင်ရာမြို့နယ် စာစစ်ဌာနများအလိုက် ကျင်းပပြုလုပ်လျက်ရှိပြီး ယနေ့နံနက်ပိုင်း က ဒုတိယမြောက်နေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ မြို့နယ်အတွင်းရှိ စာစစ်ဌာန (၃)ခုတို့တွင် အေးချမ်းပျော်ရွှင်စွာဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။