အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အား ဂုဏ်ပြုသောအားဖြင့် ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထူများ ဆက်ကပ်လှူဒါန်း

ရွှေသောင်ယံ နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ် ရေးမှူး ဦးဆောင်သော ဝန်ထမ်းများမှ ယနေ့ နံနက်(၁၁)နာရီအချိန်တွင် ရွှေသောင်ယံမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ အသောကာရာမကျောင်းတိုက်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြု သောအားဖြင့် သံဃာတော်များအား ကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်တော် များနှင့် အလှူငွေများအား ဆက်ကပ်လှူဒါန်းခြင်း၊ ကျောင်းတိုက်အတွင်း သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ ဝန်ထမ်းများအား တစ်ဦးလျှင် ဆန်(၁၀)ပြည်နှုန်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံ (ပြန်/ဆက်)