ငပုတော နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲအခမ်း အနားကို ယနေ့ နံနက် (၉)နာရီက ငပုတောမြို့ အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားပြီး ပုသိမ်ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်သန်းသန်းဦးက အခြေခံပညာဦးစီးဌာန (ရုံးချုပ်)မှ ကျောင်းအုပ် ကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲမှ ပညာရပ်များကို မြို့နယ်အတွင်း ရှိ အခြေခံပညာကျောင်းများ (ထက်၊ လယ်၊ မူ) ကျောင်းအုပ်ကြီး များအား စနစ်သစ်ပညာရေးမှာ နိုင်ငံတော်က ချမှတ်ထားသော မဟာဗျူဟာများ၊ နှစ်တို၊ နှစ်ရှည်စီမံကိန်းများ၊ မူဘောင်အတွင်းကနေ မိမိကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို စနစ်တကျ စီမံခန့်ခွဲ့နိုင်မှသာလျှင် အရည်အချင်းနှင့် အရည်အသွေးရှိပြီး တွေးခေါ်မျှော်မြင်နိုင်စွမ်းရှိတဲ့ လူသားအရင်း အမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်မှုသည် ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုများက အဓိကကျသည့်အတွက် အလုပ် တာဝန်များနှင့် စည်ကမ်းများကို တန်ဖိုးထားလိုက်နာကာ ဆရာကျင့်ဝတ်များနှင့် အညီ အနာဂတ် လမ်းပြသူများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ (ထက်၊ လယ်၊ မူ) ကျောင်းအုပ်ကြီးများ စုစုပေါင်း (၃၇၅)ဦး တက်ရောက်မည်ဖြစ်ပြီး နည်းပြဆရာ(၅)ဦးတို့က ပညာရေး ကဏ္ဍ၊ သင်ယူမှုမဏ္ဍိုင်နှင့် ၂၁ ရာစု သင်ယူမှုမဏ္ဍိုင်ကြီးလေးရပ်၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့် စီမံကိန်း ကြီးကြပ်အကဲဖြတ်ခြင်း၊ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများအရည် အသွေးမြင့်မားရေး စသည့် ဘာသာရပ် များကို ဆွေးနွေးပို့ချပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ နိုဝင်ဘာလ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ ၂ ရက် ကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
အောင်သူ (ငပုတော)