သတင်းများ

မိုးနဲမြို့ လူထု‌အခြေပြုဗဟိုဌာန၌ ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်ပို့ချ
Apr 02,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းစီစဉ်မှုဖြင့် ကြက်ခြေနီလှုပ်ရှားမှုနှင့် အခြေခံရှေးဦးပြုစုခြင်းများကို နားလည်စေ‌ရန် ရည်ရွယ်၍ အ‌ခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
နောင်ချိုမြို့ သဖန်းကိုင်းပရဟိတဆရာတော်အား သာသနာရေး၊ ပရဟိတအရေးများတွင် အသုံးပြုရန် မော်တော်ယာဉ်တစ်စီးလှူဒါန်း 
Apr 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင် နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ ဆရာတော်အား သာသနာရေး၊ ပရဟိတအရေးကိစ္စများတွင်အသုံးပြုရန် မော်တော်ယာဉ်တစ်စီးကို ယမန်နေ့က လှူဒါန်း ခဲ့ကြောင်းသိရသည်။ လှူဒါန်းရာတွင် ပြင်ဦးလွင်မြို့ ရေချမ်းအိုးရပ်ကွက်နေဘုရား၊ သိမ်၊ ကျောင်း ရဟန်းဒါယိကာမကြီးဒေါ်တင်ရီမှ သဖန်းကိုင်းပရဟိတဆရာတော် သဒ္ဓမ္မဇောတိကဓဇဒေါက်တာ ဘဒ္ဒန္တ ပညာလင်္ကာရအား သာသနာရေး၊ ပရဟိတအရေးကိစ္စများတွင်အသုံးပြုရန် INSIGHT မော်တော်ယာဉ် တစ်စီးကို လှူဒါန်းပေးခဲ့ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။     
ဒိုက်ဦးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှစားသုံးကုန်ရောင်းချနေသော ဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားပါမပါကွင်းဆင်းစစ်ဆေး
Apr 02,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ဒိုက်ဦး မြို့မစျေးကြီးအတွင်းရှိ စားသုံးကုန်ရောင်းချနေသော ဆိုင်များသို့ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့နယ် ဥယျာဉ်ကျေးရွာတွင် ပန်းမုံလာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Apr 02,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှ တောင်သူများသည် ဆန်စပါးကို အဓိကထားစိုက်ပျိုးပြီး မိသားစုစားဝတ်နေရေး အဆင်ပြေရန်အတွက် အကျိုးအမြတ်များ ရနိုင်မည့် ပန်းမုံလာ၊ ကြက်သွန်၊ ငရုပ်၊ နှမ်း စသည့် သီးနှံများ စိုက်ပျိုးလျက်ရှိရာ ဥယျာဉ်ကျေးရွာတွင် ပန်းမုံလာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
ထားဝယ်မြို့ ကျက်သရေဆောင်၊ ရွှေတောင်စားစေတီတော်မြတ်ကြီးအား တတိယအကြိမ် လုံးတော်ပြည့် ရွှေစင်ရွှေသား ရွှေသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
Apr 02,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ကျက်သရေဆောင်၊ ရွှေတောင်စားစေတီတော်မြတ်ကြီးအား တတိယအကြိမ် လုံးတော်ပြည့် ရွှေစင်ရွှေသား ရွှေသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာကို ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ (၂၀၂၃ ခုနှစ်၊ မတ်လ ၅ ရက်နေ့) တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဘားအံခရိုင် ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက် ရောင်စုံစက္ကူဖြင့် လက်မှုပညာ ပြုလုပ်နည်းများ သင်ကြားပေး
Apr 02,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ ပြည်သူ့စာကြည့်တိုက်၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူ လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် လက်မှုပညာကို ပြုလုပ်တတ်စေရန် ရည်ရွယ်၍ ရောင်စုံစက္ကူဖြင့် လက်မှုပညာပြုလုပ်နည်းများကို ယနေ့နံနက်နံနက်အချိန် တွင် သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ လူထုအခြေပြုဗဟိုဌာနတွင် ပန်းချီသင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 02,2022
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့နံနက် ၉ နာရီအချိန်က ပန်းချီသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Apr 02,2022
အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ ကျောင်းကြီးတန်းရပ်ကွက်၊ လယ်ပြင်ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။