ချောင်းဆုံ နိုဝင်ဘာ ၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်နေကြသည့် တောင်သူများ အဆင်ပြေစေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ယနေ့ နံနက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် (တတိယ) အကြိမ်အဖြင့် တောင်သူ (၄၂၀) ဦးတို့အား ယူရီးယား ဓါတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် သီးနှံစိုက်ပျိုးသည့် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အထွက်နှုန်းကောင်းမွန်စေရန်အတွက် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားဓါတ်မြေဩဇာ (၇၄၇) အိတ်ကို တစ်အိတ်လျှင် (၃၂၆၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေးခဲ့ကြောင်း၊ ချောင်းဆုံမြို့နယ်တွင် ယူရီးယားဓါတ်မြေဩဖာကို (ပထမ) အကြိမ်တွင် (၇၉၀) အိတ်၊ (ဒုတိယ) အကြိမ်တွင် (၆၂၇) အိတ် ဖြန့်ဖြူးပေးခဲ့ပြီး မြို့နယ်အနေနှင့် စုစုပေါင်း (၂၁၆၄) အိတ်အား တောင်သူများထံဖြန့်ဖြူးပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)