ကမာရွတ်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ကမာရွတ် နိုဝင်ဘာ   ၁

မီးဘေး၊ သဘာဝဘေးနှင့် အခြားဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာပါက မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုပြီး အချိန်နှင့်တပြေးညီ လျှင်မြန်စွာ ကယ်ဆယ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကမာရွတ်မြို့နယ် အမှတ်(၅)ရပ်ကွက် မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်ရဲတပ်ဖွဲမှုးမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား သင်တန်းဖွင့်ပွဲ မိန့်ခွန်းပြောကြားခဲ့ပြီး၊ ကမာရွတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦး​ဝင်းဝင်းထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးရန်နိုင်မှ အရန်မီးသတ်တပ်ဖွဲ့ ဝင်များအား အရန်မီးသတ်ဝတ်စုံများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ သင်တန်းကို သင်တန်းနည်းပြအဖြစ် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဝင်းဝင်းထွန်းနှင့် နည်းပြ(၅) ဦးတို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား (၅၀) ဦးတို့အား မီးသတ်ပညာနှင့် ရှာဖွေကယ်ဆယ်ရေးပညာများကို နိုဝင်ဘာ (၁) ရက်နေ့မှ (၂၅) ရက်နေ့အထိ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(စိမ်းလဲ့)ပြန်/ဆက်