မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ( Book Club ) ၏ ( ၆၁ ) ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပ
Apr 23,2022
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် မုံရွာမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း ( Book Club ) ၏ (၆၁) ကြိမ်မြောက် စာဖတ်ဝိုင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုံရွာခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ Book Club အဖွဲ့ဝင်များ၊ စာရေးဆရာ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များတက်ရောက်ခဲ့ကြပြီး စာရေးဆရာ မောင်နေညို (ပုလဲ) ရေးသားသည့် စာနယ်ဇင်းပါ မြန်မာကဗျာ-၁၀၀ ၊ "လောကအလှဆင်အတွေးအမြင်ကဗျာများ "စာအုပ်ဖြင့်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။