သတင်းများ

ဘားအံမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိသူများနှင့် ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီး သူများအား Booster Dose ဆေး ဆက်လက်ထိုးနှံပေး
Apr 22,2022
ကရင်ပြည်နယ် ဘားအံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ဘားအံမြို့ နယ်အတွင်းရှိ  ရပ်ကွက်နှင့်ကျေးရွာများတွင်  ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံရန်အတွက် စုရပ် (၈)နေရာတွင်  ယနေ့နံနက် ၉ နာရီမှ စတင်၍ ညနေ(၄)နာရီထိ ဆက်လက်ထိုးနှံပေးလျက်     ရှိကြောင်း သိရသည်။
တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Apr 22,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမခရွန်  ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၉)နာရီ အချိန်က နန်းမြင့်ကျေးရွာသို့ သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန ဝန်ထမ်းများနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့က တစ်ပတ်လျှင်(၄) ကြိမ်  ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုင်းတောင်းမြို့တွင် Community Centre ခန်းမ၌ အခြေခံရှေးဦးသူနာပြုစုနည်း လက်တွေ့သရုပ်ပြသ
Apr 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အခြေခံ ရှေးဦးသူနာပြုစုနည်းသင်တန်းအား ဧပြီ ၂၀ ရက်နေ့မှ ဧပြီ ၂၂ ရက်နေ့ထိ သင်ကြားပို့ချ ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း ၉ နာရီအချိန်ခန့်က လက်တွေ့သရုပ်ပြသခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူ၌ ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်
Apr 22,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဘုရားသုံးဆူမြို့ပေါ်ရှိ အမှတ် (၄) ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွန် (Omicron)ရောဂါပိုး ကြိုတင်ကာကွယ် နိုင်စေရေး အတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
အားကစားသိပ္ပံ(ရန်ကုန်)တွင် သင်တန်းတတ်ရောက်ရန်  ကြံခင်းမြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ (၄)ဦး ရွေးချယ်ခံရ
Apr 22,2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန   ဟင်္သာတခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊  အားကစားကွင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက အားကစားသိပ္ပံ(ရန်ကုန်)သို့ တတ်ရောက်ရန် သင်တန်းသား၊ သင်တန်းသူ ရွေးချယ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ‌ပေး
Apr 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် Mobile Team အဖွဲ့များဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ ကျေးရွာနေပြည်သူများတွင် အသက် ၁၈ ပြည့်ပြီသူတိုင်း တစ်ဦးတစ်ယောက်မကျန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြီးအစီး ထိုးနှံနိုင်ရေးကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်တွင် ဆက်လက်ထိုးနှံလျက်ရှိကြောင်း သိရသည်။
နမ္မတူမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများအား စဉ်ဆက်မပြတ် တင်ဆက်ပေး
Apr 22,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများအား စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့၌မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၂)ဖွင့်လှစ်
Apr 22,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်  စျေးရပ်ကွက်ဓမ္မာရုံ၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။