သတင်းများ

သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဆောင်းနေကြာစိုက်ပျိုးမည့် ကျေးရွာ(၆၆)အုပ်စုရှိတောင် သူများအား နေကြာသီးနှံစီမံကိန်း တာဝန်ပေးအပ်ပွဲနှင့်နေကြာသီးနှံမျိုးစေ့ပေးအပ်ပွဲကျင်းပ
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဆောင်းနေကြာ စိုက်ပျိုးမည့် ကျေးရွာ(၆၆)အုပ်စုရှိ တောင်သူများအား နေကြာသီးနှံစီမံကိန်း တာဝန်ပေးအပ်ပွဲနှင့် နေကြာသီးနှံမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပကြသည်။
၂၀၂၂ ခုနှစ်၊ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် စေတီပုထိုးများတွင် ကုသိုလ်ပြုလုပ်ငန်းများဆောင်ရွက်
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် စေတီပုထိုးများတွင် ကုသိုလ်ပြုလုပ်ငန်းများကို ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၈ နာရီအချိန်မှ စတင် ဆောင်ရွက်ကြသည်။
လူငယ်စကားဝိုင်း ကမာရွတ်မြို့နယ်၌ကျင်းပ
Nov 01,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉) နာရီတွင် ကမာရွတ်မြို့နယ်၊ လေ့ကျင့်ရေးအထက်တန်းကျောင်း ပညာ့ဗိမာန်တော်ခန်းမ၌ ကျင်းပသည်။
နမ့်ကုတ်ကျေးရွာ၌ ရိုးရာဓလေ့ ဆင်ဆွဲပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ
Nov 01,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၊  ကျေးလက်ဒေသရှိ ဒေသခံ ရှမ်းတိုင်းရင်းသားတို့သည် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆန်ရေစပါး၊ ကောက်ပဲသီးနှံ၊ စီးပွားရေးလာဘ်လာဘ တိုးတက်ကောင်းမွန်စေရန်နှင့် သဘာဝဘေးကပ်ဆိုးများ ဆိုက်ကပ်မှု မရှိစေရန်အတွက် ရည်စူး၍ တစ်နှစ်လျှင် တစ်ရွာစီဖြင့် ကျင်းပပြုလုပ်လေ့ရှိသည့် ရိုးရာဓလေ့ ဆင်ဆွဲပွဲတော် ပွဲ ရေစက်ချအလှူမင်္ဂလာပွဲကို ယနေ့နံနက်ပိုင်းက ဝမ်တာကြန့်ကျေးရွာအုပ်စု၊ နမ့်ကုတ်ကျေးရွာရှိ ဘုန်ကြီးကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
သဲကုန်းမြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်
Nov 01,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများမှ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို လစဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကလေးငယ်(၄၂)ဦးနှင့်ကိုယ်ဝန် ဆောင်မိခင်(၉)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 01,2022
မီးဘေး၊ သဘာဝဘေးနှင့်အခြားဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာပါက မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုပြီး အချိန်နှင့်တပြေးညီ လျင်မြန်စွာ ကယ်ဆယ်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ၊ အလုံခရိုင်၊ အလုံမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အလုံမြို့နယ်အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ပြန်လည်နေရာချထားမည့် အိမ်ထောင်စုများအား မြေယာ‌လျော်ကြေးနှင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Nov 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မြို့နယ်ခန်းမတွင် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပြန်လည်နေရာချထားမည့် ညောင်စာရေးကျေးရွာအုပ်စု၊ လှေကြီးစုကျေးရွာ အိမ်ထောင်စုများအတွက် မြေယာ‌လျော်ကြေးနှင့် စားနပ်ရိက္ခာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ညောင်ရွှေမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Nov 01,2022
ဒေသတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ဒေသအတွင်းဖွံ့ဖြိုးတိုးတက် လာစေရန်၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေး အစရှိသည့် ကျေးလက်နေ တောင်သူများ၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦး ဆောင်သည့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံခြင်းကို ယနေ့ နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ တိလောကျေးရွာရှိ ရွှေဂူဘုရားဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။