ရေတာရှည် ဧပြီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင် စက်သုံးဆီ အရောင်းဆိုင်များ အနေဖြင့် စက်သုံးဆီအမျိုးအစား၊ သတ်မှတ်စျေးနှုန်း မှန်မမှန်နှင့် ချိန်တွယ်ရောင်းချသည့် ဂါလံပြည့် ရောင်းချမှု ရှိမရှိ အခြေအနေ များအား ဧပြီ(၂၃)ရက်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ထိုသို့စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် ရေတာရှည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ရေတာရှည်မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်(၁၅)ဆိုင်အား 92(Octane)၊ 95(Octane)၊ ဒီဇယ် Premiun၊ ဒီဇယ်(ရိုးရိုး)ရောင်းချနေရာတွင် စက်သုံးဆီအမျိုးအစား၊ သတ်မှတ်စျေးနှုန်း မှန်မမှန်နှင့် ချိန်တွယ်ရောင်းချမှု အခြေနေများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)