တပ်ကုန်းမြို့၌ အခြေခံပလပ်စတစ်ခြင်းထိုးနည်းကို ဆက်လက်သင်ကြားပေး

တပ်ကုန်း ဧပြီ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန် ရည်ရွယ်၍ အ‌ခြေခံပလပ်စတစ်ခြင်းထိုးနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေး လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရှိ(Community Centre) ခန်းမတွင် ဆက်လက် သင်ကြားပေးခဲ့သည်။     

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာ ဦးသန့်ဇင်‌အောင်က သင်တန်းသား/သူ(၂၀)ဦးအား  ပလပ်စတစ်ခြင်းထိုးနည်းကို အခြေခံမှ စ၍ စာတွေ့၊လက်တွေ့ သုံးရက်ကြား သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊  ပြည်သူ့ စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းနှင့်(Community Centre)ခန်းမတို့တွင် ကျောင်းသား လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ တီထွင်ကြံဆကာ မိမိကိုယ်ကို ယုံကြည်မှုရှိလာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်ကို ပိုမိုရင်းနှီးလာစေရန် ပြပွဲ၊ ပြိုင်ပွဲများနှင့် သင်တန်းများကို လစဉ်ကျင်းပ ဆောင်ရွက်ပေး လျက်ရှိကြောင်း  သိရသည်။

တင်စိုးလွင်