သတင်းများ

သာပေါင်းမြို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လေဘေးသင့် အိမ်ထောင်စုများ အား ကယ်ဆယ်ရေးနှင့် ရန်ပုံငွေထောက်ပံ့
May 13,2021
ပုသိမ်ခရိုင် သာပေါင်းမြို့နယ် ရွှေပြည်အေးခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ် သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့် မြို့နယ်သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့်လေပြင်းတိုက်ခိုက်၍ ပျက်စီးဆုံးရှုံးခဲ့သော လေဘေးသင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ပေပင်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ရေဝေရေလဲဧရိယာ သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းနည်းစနစ် အသိပညာပေးဆွေးနွေး
May 13,2021
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပေပင်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် (၉)နာရီက သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း နည်းစနစ်ဖြင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ အသိပညာပေးဆွးနွေးပွဲ ကျင်းပခဲ့သည်။
မြစ်ကြီးနားမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့်ဥပဒေအရ ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက် ဆောင်ရွက်ပေး
May 13,2021
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ လမ်းညွှန်ချက်များနှင့်အညီ မြန်မာနိုင်ငံသား တိုင်ရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးကို မေ(၁၃)ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ရေကြည်မြို့နယ်၊ ရေနံသာစစ်ဆေးရေးဂိတ်နှင့် ငါးသိုင်းချောင်း(ရေနံသာ) - ဂွ လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကွင်းဆင်းစစ်ဆေး
May 13,2021
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးလမ်းဦးစီးဌာနတိုင်းဦးစီးမှူး၊ ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၈ နာရီ က ရေကြည်မြို့နယ်၊ ရေနံ့သာစစ်ဆေးရေးဂိတ် (ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးဖြတ်သန်းရာ စစ်ဆေးရေးဂိတ်တစ်ခု) သို့ သွားရောက်၍ လုံခြုံရေးစစ်ဆေးမှု အခြေအနေများ၊ COVID-19 ရောဂါ စစ်ဆေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုံခြုံရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်ကြရန်၊ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးရန် ကျန်သူများကို အပတ်စဉ် ကြာသပတေးနှင့် သောကြာနေ့များတွင် ပုံမှန်ထိုးပေးမည်
May 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို၊ မြို့ကျက်သရေဆောင်ခန်းမအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်)ကို ထိုးရန် ကျန်ရှိသည့်သူများအား အပတ်စဉ် ကြာသပတေးနေ့နှင့် သောကြာနေ့များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မအူပင်တက္ကသိုလ် တည်ဆောက်ထားသော မြေနေရာ၏မူလပိုင်ရှင် တောင်သူများအား မြေယာလျော်ကြေးပေးအပ်ခြင်း အခမ်းအနား ကျင်းပ
May 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အိုင်ဝိုင်းကျေးရွာတွင် မအူပင်တက္ကသိုလ်တည်ထောင်ဖွင့်လှစ်ထားလျက်ရှိရာ တည်ဆောက်ထားသော မြေနေရာ၏ မူလပိုင်ရှင်တောင်သူများအား မြေယာလျော်ကြေးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက မအူပင်တက္ကသိုလ် ပင်မဆောင်ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပသည်။
လေးမျက်နှာမြို့နယ်၌ လူထုစိန်ဝင်းရေးသားသည့် လူငယ်နဲ့တာဝန်ယူစိတ်စာအုပ်ဖြင့်စာဖတ် ဝိုင်းကျင်းပ
May 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centreခန်းမတွင် ယနေ့နံနက်(၁၀:၀၀)နာရီအချိန်၌ လူငယ်များ စာဖတ်သည့်အလေ့အထကောင်းများ ရရှိလာစေရန် စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိူးကျေးဇူးများကို သိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် စာရေးဆရာ လူထုစိန်ဝင်းရေးသားသည့် လူငယ်နဲ့တာဝန်ယူစိတ် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၁)ကျင်းပ
May 13,2021
ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၁)ကို ယမန်နေ့မွန်းလွဲ (၂)နာရီ က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။